၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာပေါင်း (၁၅၀၀)ကို သောက်သုံးရေ သုံးစွဲမှု ဆိုင်ရာ အချက်အလက်များ ကောက်ယူသွားမည်
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၁၅၀၀) တွင် လက်ရှိ အသုံးပြု လျက်ရှိသော သောက်သုံးရေရရှိမှုဆိုင်ရာ အချက်အလက်ကောက်ယူမှု လုပ်ငန်းများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။







