တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်နှံရေး စတင်လက်ခံဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မေ ၂၄ ရက် နံနက် ၉ နာရီက စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအားလုံး ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိသည်။








