လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ ကြယ်လိပ်များ လျာထားချက်ချက်ထက် ကျော်လွန်ပေါက်ဖွား
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ခြံလှောင်မွေးမြူထားရှိသည့် မြန်မာ့ကြယ်လိပ်များသည် ထောင်နှင့်ချီပေါက်ဖွားနေကြောင်း သိရသည်။
လိပ်သိုမြို့၌ မိုးအဆက်မပြတ် ရွာသွန်းနေပြီဖြစ်၍ တောင်သူများ မိုးစပါးစိုက်ပျိုးရန် လယ်ယာလုပ်ငန်းခွင်များ ဝင်ရောက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းနေပြီဖြစ်သောကြောင့် ဒေသခံ တောင်သူများသည် မိုးစပါးစိုက်ပျိုးနိုင်ရန် လယ်ယာလုပ်ငန်းခွင်များကို ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ စက်ယန္တရားကြီးများသုံး၍ တောင်ယာများ တိုးချဲ့စိုက်ပျိုး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများ၏ မိုးရာသီ သီးနှံစိုက်ပျိုးချိန်အမီ တောင်ယာများ တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်ခြင်းကို စက်ယန္တရားကြီးများ ငှားရမ်းသုံးစွဲလာကြကြောင်း သိရသည်။
မြေပုံမြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး ရေသန့်စင်စက်ဖြင့် ကျေးရွာ ၉ ရွာအား သန့်ရှင်းသောက်သုံးရေ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြေပုံမြို့နယ်အတွင်းရှိ လတ်တလော သောက်သုံးရေ အခက်ခဲဖြစ်ပေါ်လျက် .............
မက်မန်းမြို့၌ တောင်ယာမိုးစပါးများ အောင်မြင်ဖြစ်ထွန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်ရှိ ဒေသခံ တောင်သူလယ်သမားများ၏ တောင်ယာမိုးစပါးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးနှမ်းများအောင်မြင်ဖြစ်ထွန်း
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းသီးနှံများကို မေလလယ်ခန့်မှ စတင်စိုက်ပျိုးထားရှိရာ ယခုအခါ မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။