မြို့သစ်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စကားဝါလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စကားဝါလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်ရှိ အဆိုပါလမ်း၌ ကျင်းပသည်။








