ရန်ကုန်၊ ဇန်နဝါရီ ၂
ဇန်နဝါရီ ၁ ရက်မှ စတင်ကာ မော်လမြိုင် - ရန်ကုန် ရထားလက်မှတ်ခ နှုန်းထားများကို ပြောင်းလဲပြင်ဆင်
သတ်မှတ်လိုက်ကြောင်း မော်လမြိုင် ဘူတာကြီးက ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ဒီဇယ်ဆီစျေး တိုးမြင့်လာမှုကြောင့် လက်ရှိဆီစျေးနှင့် လိုက်လျောညီထွေဖြစ်စေမည့် မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြင့်ရန်လိုအပ်လာသဖြင့် နှုန်းထား အသစ်ဖြင့် ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ မီးရထားလက်မှတ်ခနှုန်းထား များနှုန်းထားအသစ်ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်ရာတွင် လေအိတ် ရထားအထက်တန်း မော်လမြိုင်- ရန်ကုန် ငွေကျပ် ၁၁၀၀၀ ၊ မော်လမြိုင်- ပဲခူး ငွေကျပ် ၈၀၀၀၊ မော်လမြိုင်-ဝေါ ငွေကျပ် ၇၀၀၀ စသည်ဖြင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် လေအိတ်ရထား ရိုးရိုးတန်းများမှာ မော်လမြိုင် - ရန်ကုန် ငွေကျပ် ၆၀၀၀၊ မော်လမြိုင် - ပဲခူး ငွေကျပ် ၄၀၀၀၊ မော်လမြိုင် - ဝေါ ငွေကျပ် ၄၀၀၀၊ မော်လမြိုင်-သိမ်ဇရပ် ငွေကျပ် ၃၀၀၀ စသည်ဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။
ရိုးရိုးရထား(AAR) ရိုးရိုးတန်း မော်လမြိုင်- ရန်ကုန် ၅၀၀၀ကျပ်၊ မော်လမြိုင်-ပဲခူး ငွေကျပ် ၄၀၀၀၊ မော်လမြိုင် - ဝေါ ငွေကျပ် ၄၀၀၀ ၊ မော်လမြိုင် - သိမ်ဇရပ် ငွေကျပ် ၃၀၀၀၊ မော်လမြိုင် - မုပ္ပလင် ငွေကျပ် ၃၀၀၀ စသည်ဖြင့် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
လေအိတ်ရထားသည် ယခုလပိုင်းအတွင်း စုံရက်များတွင် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရိုးရိုးရထား AAR သည် မ ရက်များ အတွင်း တစ်လှည့်စီပြေးဆွဲပေးသွားမည် ဖြစ်ကြောင်းမြန်မာ့မီးရထားမှ သိရသည်။
သစ်တော်


