ဦးရဲကျော်သူကျောင်းတိုက် အကြီးစားပြုပြင်နေမှုနှင့် လောကာနန္ဒာစေတီတော် ရင်ပြင်အတွင်း အသုံးပြုမည့် နေပူခံကျောက်ပြားများရောက်ရှိမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သွားရောက်စစ်ဆေး
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်အား ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ အကြီးစားပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီး ဆိပ်ကမ်း၌ လောကာနန္ဒာ စေတီတော် ရင်ပြင်အတွင်း အသုံးပြုမည့် နေပူခံကျောက်ပြားများ အတင်အချ ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုသည်။







