ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အာဆီယံ - တရုတ် ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့  ထွက်ခွာ

ရန်ကုန် ဇန်နဝါရီ ၃၁

သီးနှံအလိုက်ထိရောက်သော ရေပေးဝေမှုစီမံခန့်ခွဲရေးလုပ်ငန်းညှိနှိုင်း

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံမှပြန်လည်ရောက်ရှိ

မန္တလေး ဇန်နဝါရီ ၃၁

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် လမ်းလုပ်ငန်းဆောင်ရွက်နေမှု၊ ကမ္ဘောဇသာဒီရွှေနန်းတော် ပြုပြင်ခြင်းလုပ်ငန်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် Max Highway ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေး လမ်းဟောင်း (ရန်ကုန်-ပဲခူးလမ်းပိုင်း) မိုင်တိုင်အမှတ် (၁၂/၀)နှင့် (၁၃/၀)ကြား U Turn ဆောင်ရွက်နေမှု၊ မိုင်တိုင်အမှတ် (၁၅/၀)မှ(၁၅/၄) ကြားတွင် မူလကတ္တရာ လမ်းဟောင်းပေါ်တွင် AC ကတ္တရာခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အရည်အသွေး လက်ရာလက်သား ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။
မိုင်းယု-ဒွန်းနွဲ့ကြိုးတံတား ရာနှုန်းပြည့်ပြီးစီး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့အုပ်စု ဒွန်းနွဲ့ကျေးရွာအနီး မိုင်းယုမြို့နှင့် ဒွန်းနွဲ့သွားလမ်းရှိ နမ့်ဖွန်ချောင်းပေါ်တွင် မိုင်းယု- ဒွန်းနွဲ့ကြိုးတံတားအား ဇန်နဝါရီ ပထမပတ်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်သည်။