ကျွန်းစုမြို့နယ်၌ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများအတွက် နားလည်မှုလက်မှတ်ရေးထိုး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း Hydro ရေအားလျှပ်စစ်နည်းပညာဖြင့် (၃)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းနှင့် Solar နေရောင် ခြည်စွမ်းအင်သုံးနည်းပညာဖြင့် (၇.၈)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co., Ltd တို့အကြား ချုပ်ဆိုသည့် နားလည်မှုမှတ်တမ်း Feasibility Study (F.S MOU) လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။






