ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၄)ဖွင့်လှစ်

စာကြည့်တိုက်များ၏ အခန်းကဏ္ဍ၊ စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေးနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။
မိုးနဲမြို့၌ မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့အမိုးလန်ပျက်စီး
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် မေ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မိုးသည်းထန်ခြင်း၊ မိုးသီးများကျရောက်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက်အချို့ လူနေအိမ်များနှင့် ကျေးရွာများရှိလူနေအိမ် စုစုပေါင်း ၄၉ အိမ်အမိုးလန်ပျက်စီးခြင်းနှင့် သစ်ပင်ကြီးများ ကျိုးကျမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ညောင်ရွှေမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့  ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို မေ(၁၁)ရက် နံနက်(၉)နာရီက ကန်ကြီးပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်း ရှိ ဓာတ်ပေါင်းစုစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူပွဲကျင်းပ 
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊အမှတ်(၁၂) ရပ်ကွက်၊ (အ.လ.က)တောရကျောင်းရှေ့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့တွင် ကျောင်းသားလူငယ်များ  ကာယ ဉာဏစွမ်းရည် ဖွံ့ဖြိုး တိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်ပေး
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား   အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့်   ကာယ/ဉာဏစွမ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန် နေ့က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ဖွားမှုမှကာကွယ်နိုင်ရန် ယနေ့နံနက်က အမှတ်(၆) ရပ်ကွက်၊ အမှတ်(၂၁)အခြေခံပညာ မူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ် (abate) ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးဦးဇော်အေးမောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာကို  ကြည့်ရှုစစ်ဆေး