တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

တောင်ဥက္ကလာပ မေ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ဖွားမှုမှကာကွယ်နိုင်ရန် ယနေ့နံနက်က အမှတ်(၆) ရပ်ကွက်၊ အမှတ်(၂၁)အခြေခံပညာ မူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ် (abate) ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တိုသို့ဆောင်ရွက်ရာတွင် ခြင်ပေါက်ဖွားမှုများပြားနိုင်သည့်အတွက် ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုး‌လောက်လန်း ပေါက်ဖွားမှုမှ ကာကွယ်နိုင်ရေး ရေတင်ကျန်နိုင်သော ကားတာယာ‌ဟောင်းများ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate) ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ရေနုတ်မြောင်းများရှင်းလင်းခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်(abate) ဆေးခပ်ခြင်းလုပ်ငန်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို   မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ပြည်သူ့ကျန်းမာ‌ရေးဌာနဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ဆရာ၊ ဆရာမများပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ခင်ဆွေနှင်း(ပြန်/ဆက်)