မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင် လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက လာရောက်အပ်နှံလျက်ရှိပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။