ပုသိမ်မြို့နယ်၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပုသိမ်     မေ      ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍ လက်ခံဆောင်ရွက် လျက်ရှိသည်။

 

မေ ၂၃ ရက်နေ့မှ ဇွန် ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ လာရောက် အပ်နှံလျက်ရှိရာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် မူလတန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ(၁)စုံစီကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)

 

 

၀၄၂-၂၁၁၂၇