လှိုင်းဘွဲမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယနေ့တွင်လည်း ကျောင်းသား ကျောင်းသူများ အခြေခံပညာ သင်ကြားနိုင်ရေးအတွက် မိဘဘိုးဘွားများက ကျောင်းသို့ လာရောက် အပ်နှံလျက်ရှိပြီး အခြေခံပညာကျောင်းများတွင် နိုင်ငံတော်မှ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ကျောင်းအပ်လက်ခံပေးခြင်းအပြင် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံနှင့် ဘောပင်တို့ကို အခမဲ့ထောက်ပံ့ပေးအပ်သည်။
လက်ပံတန်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြ
တောင်သူများအား လယ်ယာစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကို တောင်သူများ လေ့လာသိရှိ သုံးစွဲတတ်လာစေရန် ရည်ရွယ်၍ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂွေးတောက်ကွင်းကျေးရွာရှိ တောင်သူများ ပူးပေါင်း၍ မေ ၂၄ ရက် နံနက်ပိုင်းက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။
မတ္တရာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများစတင်
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို မေ ၂၃ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများအား မိဘများက လာရောက်အပ်နှံလျက်ရှိသည်။
ဗန်းမော်မြို့၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်တံခွန်ခန်းမတွင် မေ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်ရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ''ပညာဝန်းခင်း''သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးက အဖွင့်အမှာစကားပြောကြားသည်။
နေပြည်တော်၌ ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်
နေပြည်တော်အတွင်း ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲကို မေ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊  နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရာက်ကြသည်။
ထန်ပါခွေမြို့၌ ‌အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်စတင်လက်ခံ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ မေ ၂၃ ရက်မှစတင်ကာ ထန်ပါခွေမြို့ အခြေခံပညာကျောင်းတွင် ကျောင်းသား ကျောင်သူများအား ကျောင်းအပ်စတင် လက်ခံပေးလျက်ရှိသည်။
ကျောင်းဥပဓိရုပ်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ …

ခင်သန်းမြင့်