ကျောက်ဆည်မြို့နယ် ကင်းကျေးရွာတွင် စိုက်ပျိုးထားသော မိုးနှောင်းဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မိုးကောင်းသောက် ယာမြေများ အများစုပိုင်ဆိုင်ကြပြီး ပဲအမျိုးမျိုးနှင့် အခြားသီးနှံများကို ရာသီအလိုက် ပြောင်းလဲစိုက်ပျိုးကြကြောင်း၊ မိုးနှောင်းကာလတွင် ဝါသီးနှံများ၊ ဝါနှင့်ပဲစင်းငုံ သီးထပ်သီးညှပ် စိုက်ပျိုးခြင်းများ အဓိကထားစိုက်ပျိုးကြရာ တောင်သူဦးမြင့်လွင် စိုက်ပျိုးထားသော မိုးနှောင်းဝါမျိုး ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။







