သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၏ အထင်ကရစေတီတစ်ဆူဖြစ်သည့် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအား လုံးတော်ပြည့် ရွေွှသင်္ကန်းရောင်တော်ပွင့် ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာရှိ ရှေးဟောင်းဘုရားစေတီ ပုထိုးများတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြုပြင်ရန်လိုအပ်လျက်ရှိသည့် ဘုရားစေတီပုထိုးများအား အဆင်ပြေစွာ ပြုပြင်မွမ်းမံ ပြင်ဆင်သွားနိုင်ရန် ရည်ရွယ်၍ ယခုလ ပထမပတ်က ပုဂံမြို့မှ ပရဟိတအဖွဲ့ဝင်များက စုပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် မြန်မာကလေးများနေ့ကို ဂုဏ်ပြုကြိုဆို၍ တက္ကသိုလ်ကင်းထောက် လူငယ်များ သွေးလှူဒါန်း

ရန်ကုန် ၁၂ ဖေဖော်ဝါရီ

 

နယူးဒေလီမြို့ Arpit Hotel မီးလောင်မှုတွင် မြန်မာဘုရားဖူးအဖွဲ့မှ (၂)ဦးသေဆုံးခဲ့ပြီး (၁)ဦးထိခိုက်ဒဏ်ရာ
ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲတွင် နယူးဒေလီမြို့၊ Karol Bargh အရပ်ရှိ Arpit Hotel ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် အဆိုပါ ဟိုတယ်၌ တည်းခိုနေထိုင်လျက်ရှိသော အဖွဲ့ဝင် (၇)ဦးပါ ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့မှ (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယူးဒေလီမြို့ရှိ မြန်မာသံရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်    
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာနိုင်ငံ သစ်တောကျောင်း၊ ပြင်ဦးလွင်မြို့ အခြေခံသစ်တောပညာ၊ အထူး(၃)လသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ တက်ရောက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ သစ်တောဦးစီးဌာနမှ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနသို့ အလှည့်ကျ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။ 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းများ၌ ကျင်းပသည်။