မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့ ပူးပေါင်းကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဈေးပွဲတော်ကျင်းပ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ပြည်ထောင်စုနေ့ ဈေးပွဲတော်ကို ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဂါးဒင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော် တစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး မော်တင်စွန်း၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိ်ုင်းဝင် ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂၀ ရက်အထိ တစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 
သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ပွားအား ဒလမြို့နယ် အောင်တော်မူဘုရားကျောင်းတိုက်သို့ ပင့်ဆောင်ပူဇော်
သီရိလင်္ကာနိုင်ငံရှိ မြတ်ဗုဒ္ဓလက်ဝဲဘက် စွယ်တော်အစစ်ထံမှ ရင်ငွေ့လှုံပွား မြတ်စွယ်တော်ပွားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအား လက်ခံတွေ့ဆုံ
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်အား (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများက ယနေ့ မွန်းလွဲ ၁ နာရီတွင်  ပြည်ထောင်စု၀န်ကြီး၏ နေအိမ်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။ 
ရန်ကုန်မြို့တွင် ကျင်းပသည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၀ဝ၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပံ္ပ ကျိုက်က္ကဆံကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်း အခြေခံပညာ ကျောင်းပေါင်းစုံမှ အပြေးပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ ၂၀ဝ၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 
မြစ်ကြီးနားမြို့၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသောအားဖြင့် မြန်မာ့ကျောက်စိမ်းရတနာ စိုက်ထူပြသ
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ကျောက်စိမ်း ရတနာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆမားလမ်းနှင့် ဆွမ်ပရာဘွမ်လမ်း တြိဂံပန်းခြံတွင်း ကျောက်စိမ်းစိုက်ထူသည့်နေရာ၌ ကျင်းပသည်။