မြိုင်ကြီးငူအထူးဒေသတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ဆေးကုသပေးမည်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးပြီး မျက်စိဝေဒနာ ခံစားနေရသည့် ကျေးလက်နေ ပြည်သူများအား မြိုင်ကြီးငူ သီတဂူအာရောဂျဒါနဆေးရုံ၌ မတ်လ ၂ ရက် မှ ၅ ရက် အထိ အပြင်တိမ်၊ အတွင်းတိမ် မျက်စိဝေဒနာ ခံစားနေရသူများအား သီတဂူမျက်စိအထူးကုဆေးအဖွဲ့ မှ လာရောက်စစ်ဆေးပြီး အခမဲ့ဆေးကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။






