ကျောက်တံခါးမြို့နယ်၌ လယ်ယာသုံးပစ္စည်းများ အထူးဈေးရောင်းပွဲတော်နှင့် စက်စွမ်းရည်ပြပွဲ ကျင်းပပြုလုပ်
လယ်ယာသုံးပစ္စည်းများ အထူးဈေးရောင်းပွဲတော်နှင့် စက်စွမ်းရည်ပြပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ခင်ကြီးစံပြကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။





