ဖားကန့်၌ နှစ်ရက်အတွင်း နွံကန်ပေါက်ကျမှုနှင့် မြေစာပုံပြိုကျမှုတို့ကြောင့် သေဆုံးသူနှင့်ပျောက်ဆုံးသူ ၅၇ ဦးအထိရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဧပြီ ၂၃ နှင့် ၂၄ ရက် နှစ်ရက်အတွင်း ကျောက်စိမ်း လုပ်ကွက်များ၏ -----
ကောလင်းမြို့နယ်၌ လမ်းတိုးချဲ့ဖောက်လုပ်ရာမှ ရွှေပါသည်ဟု ယူဆကြ၍ လာရောက်တူးဖော်သူများ များပြားလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ ဆက်သွယ်ထားသော ထီးချိုင့်-မရသိမ်-တောမ-မော်ကွန်းတိုင်-ကျောက်တန်းလမ်းကို ဘက်ဟိုးယာဉ်ဖြင့် တိုးချဲ့ဖောက်လုပ်ရာတွင် မြေများမှ ရွှေပါဝင်သည်ဟု ယူဆကြပြီး တူးဖော်သူများ များပြားလျက်ရှိသည်။
လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲကို-----
ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ(၁၃)ရွာ လျှပ်စစ်မီးရရှိရေး ၁၁ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်(၁၂)လုံး တည်ဆောက်
မန္တလေးတိုင်းဒေသကြီး ပင်တလဲဓာတ်အားခွဲရုံနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၁၃)ရွာ လျှပ်စစ်မီးရရှိရေး  ၁၁ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်(၁၂)လုံး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မိတ္ထီလာမြို့၌ မြေအောက်ကေဘယ်လိုင်း တူးဖော်စဉ် စစ်ကျန်ဗုံးသီးဟောင်း လေးလုံးတွေ့ရှိ
မိတ္ထီလာမြို့၌ ယနေ့ နံနက် ၉ နာရီက မြေအောက်ကေဘယ်လိုင်း တူးဖော်စဉ် စစ်ကျန်ဗုံးသီးဟောင်း လေးလုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ်၌  ဧက(၅ဝ) အကျယ် ဝါးကျေးရွာတည်ထောင်ရေး မေလအတွင်း စတင်လုပ်ဆောင်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ဝါးနှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်းမှ တည်ထောင်မည့် ဧက(၅ဝ)အကျယ်ရှိ ဝါးကျေးရွာအား မေလအတွင်း စတင်အကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၄င်းအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန့်ဇင်၏ ပြောကြားချက်အရ သိရသည်။
မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှလာမည့် မိုးရာသီကာလတွင် အရိပ်ရသစ်ပင် ၉ သောင်းဖြန့်ဝေစိုက်ပျိုးသွားမည်
မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှလာမည့် မိုးရာသီကာလတွင် အရိပ်ရသစ်ပင် ၉သောင်းကို ကျေးရွာဒေသများနှင့် လိုအပ်သည့် ရပ်ကွက်များ၌ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးစိုးလွင်သူ ထံက သိရသည်။