နိုင်ငံတစ်ဝန်းတီဘီရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) အသိပေးဆွေးနွေးပွဲကျင်းပ

“နိုင်ငံတစ်ဝန်းတီဘီရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) (Nationwide TB Prevalence Survey) အသိပေးဆွေးနွေးပွဲ”ကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
Yangon ICT Fair (May-2019) ပြပွဲ ကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းတို့ ပူးပေါင်းကျင်းပမည့် Yangon ICT Fair (May-2019) ပြပွဲကို မေလ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)ကျင်းပ
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းက  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်နှင့် စီမံ ခန့်ခွဲမှု ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန် မြန်မာ-ထိုင်းနယ်စပ် ထီးခီးသို့ ထိုင်းနိုင်ငံ NEDA မှ ချေးငွေ ရယူကာ အဆင့်မြှင့်တင်ဖောက်လုပ်မည့် (၂)လမ်းသွားကတ္တရာကားလမ်း တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
(၃၄)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကျင်းပ
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ Hilton Hotel ၌ ကျင်းပသည်။
ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပ
ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကားပြောကြားသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်မှ စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးလျက်ရှိ
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍