အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်ပေးအပ်
လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမားများ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ပေးအပ်ပွဲကို ဧပြီ ၃၀ ရက် မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရေနံမြေ စုပေါင်းရုံး၌ ကျင်းပသည်။






