မံလောင်- ပေပင်- သရက်ကုန်း လမ်းပိုင်း၌ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မံလောင်- ပေပင်- သရက်ကုန်း လမ်းပိုင်း၌ အရှည် ၁၈ ဒသမ ၅ မီတာ အကျယ်  ၆ မီတာရှိ ကွန်ကရစ်တံတားတစ်စင်းကို တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေ ၉၈ သန်းဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ချမ်း/တောင်ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုများအား အလှူငွေထောက်ပံ့ပေးအပ်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်း/တောင်ရပ်ကွက်၊ အကွက်အမှတ်(၈၅၃)မှ မီးဘေးသင့်အိမ်ထောင်စု (၅၃)စုအတွက် အလှူငွေထောက်ပံ့ပေးအပ်ပွဲကို အဆိုပါ ရပ်ကွက်ရှိ စီပါဓမ္မာရုံတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ကလေးမြို့ ချင်းတောင်ခြေရင်းရပ်ကွက်များ ရေပြတ်လပ်မှုများကြောင့် ကလေးလွင်ပြင် ရေအလှူတော်ကားဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

ကလေး  ၁ မေ

တန့်ယန်းမြို့နယ်တွင် သောက်သုံးရေပြတ်လပ်သော ရပ်ကွက်များသို့ သောက်သုံးရေများ လှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ယခုနွေရာသီ၌ အပူရှိန်မြင့်မားလာမှုကြောင့် ကုန်းမြင့်ကျသော ရပ်ကွက်အချို့တို့တွင် သောက်သုံးရေ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည့်အတွက် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။
ဗန်းမော်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲကျင်းပ
မေ ၁ ရက်တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျေးလက်ပြည်သူများနှင့် တွေ့ဆုံ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရေးမြို့နယ်၊ ခေါဇာမြို့ ကဗျာကျေးရွာအုပ်စုရှိ ကျေးလက်ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့၌ သဘာဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဆိုင်းဘုတ်များထောင်၍ အသိပညာပေး လှုံ့ဆော်ထား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းအတွင်း လူစည်ကားရာ မြို့နယ်အချို့ရှိ လမ်းဆုံလမ်းဝများတွင် အများပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်အလက် အကြောင်းအရာများကို သိရှိလိုက်နာကြစေခြင်းငှာ အသိပညာပေး လှုံ့ဆော်ဗီနိုင်းပိုစတာ ဆိုင်းဘုတ်များဖြင့် စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။