အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် သဲကုန်း- ညောင်အိုင်ပန်းတာသစ် အပြီးသတ်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဧရာဝတီတိုင်းဒေကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေကျပ် ၉၉၀ ဒသမ ၈၆၈ သန်းဖြင့် တည်ဆောက်နေသည့် ဧရာဝတီဟင်္သာတတာ ဇလွန်မြို့နယ်အပိုင်း သဲကုန်း-ညောင်အိုင်ပန်းတာသစ် အပြီးသတ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။




