မင်းပြားမြို့နယ်တွင် ရေလမ်းကြောင်းပိတ်ဆို့ ငါးဖမ်းပိုက်ထောင်ခြင်းမပြုရန် ပညာပေးဟောပြော
မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ဒေသခံ ရေလုပ်သမားများအား ရေလမ်းကြောင်းပိတ်ဆို့ငါးဖမ်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက မင်းပြားမြို့နယ် သက်ပုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။







