မြန်မာနှင့်ထိုင်းနိုင်ငံတို့ ဆေးရုံများအကြား ကျယ်ပြန့်သော ကွန်ရက်တစ်ခုရရှိနိုင်စေရန် Hospital Business Matching 2019 ကျင်းပ
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ဆေးရုံများ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအကြား ကျယ်ပြန့်သော ကွန်ယက်တစ်ခုရရှိနိုင်စေရန်နှင့် စီးပွားရေးရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ တိုးပွားလာစေရန် ရည်ရွယ်ပြုလုပ်သည့် Hospital Business Matching 2019 ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမပေါ်ရှိ ပူးမင်းရန်ကုန်စင်တာပွိုင့်တွင် ကျင်းပခဲ့သည်။







