အလယ်တန်းကျောင်းခွဲကျောင်းမှ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့နယ်၊ အောင်သံလွင် ကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အလယ်တန်းကျောင်းသို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အမ်းမြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း၊ ရေဘေးထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရွာဝင် ကြိုးတံတား ဖွင့်ပွဲကျင်းပ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် အမ်းမြောက်အုပ်စု ထမင်းထုပ်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း၊ ရေဘေးထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွာဝင်ကြိုးတံတားဖွင့်ပွဲကို ယနေ့နံနက်က ကျင်းပခဲ့သည်။
လားရှိုးမြို့သို့ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်လာသူများနေရပ်သို့ ပြန်လည်ထွက်ခွာ
လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုရှိ မန်ပြိန်းကျေးရွာမှ ကျေးရွာနေပြည်သူများအား ရှမ်းတိုင်းရင်းသားလက်နက်ကိုင် (SSPP) အဖွဲ့က လာရောက် ခြိမ်းခြောက်မှုကြောင့်
၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပလောက်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ ယာဉ်အန္တရာယ် ကင်ရှင်းစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက ပလောက်မြို့၊ မြိတ်-ထားဝယ် ဗဟိုလမ်းမကြီး၌ ဆောင်ရွက်ခဲ့သည်။
လူငယ်များအကြား မူးယစ်ဆေးဝါးစိမ့်ဝင်ပျံ့နှံ့မှု စုပေါင်းတားဆီးထိန်းချုပ်နိုင်ရေး ပြည်သူ့စကားဝိုင်း (Public Talk) ဆောင်ရွက်
လူငယ်များအကြား မူးယစ်ဆေးဝါး စိမ့်ဝင်ပျံ့နှံ့မှုကို စုပေါင်းလက်တွဲကာ ထိန်းချုပ်ဟန့်တား ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက အထက(၈) မြိတ် (တောရကျောင်း)တွင် “လူငယ်နှင့် မူးယစ် ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်
ကျိုက်မရောမြို့ပေါ် အောင်သုခရပ်ကွက်နှင့် ကလိုင်းကနိုင်ရပ်ကွက်များရှိ နေအိမ်များ၊ ရုံးများ၊ ကျောင်းများသို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရေစည်၊  ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။