မြောင်းမြမြို့တွင်ဖွင့်လှစ်မည့် သူနာပြုသင်တန်းကျောင်းတက်ရောက်မည့် လျှောက်ထားသူများအား သင်တန်းကျောင်းနှင့် ပတ်သက်၍ သိကောင်းစရာများ အသိပေး ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ဖွင့်လှစ်မည့် သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်မည့် လျှောက်ထားသူများအား သူနာပြုသင်တန်းကျောင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့ မြရွှေဝါခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူက မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း ဖြစ်ပေါ်လာပုံနှင့် သူနာပြုသင်တန်းကျောင်း တက်ရောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁ သောင်းကျော်အတွက် ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ထား
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁၂ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၁၂၀ဝ စင်တီမီတာတွင် ၁၂၂၉ စင်တီမီတာထိ မြင့်တက်ခဲ့လာသဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူနေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၂၀၃၅ စု၊ လူဦးရေ ၁ သောင်းကျော် ရေဘေးသင့်ခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ပြောင်းရွေ့ နေထိုင်လျက်ရှိသည်။
IX International  Scientific  Congress "Sport, People & Health"  ဆွေးနွေးခဲ့သည့် အချက်များနှင့် ညီလာခံ ဆုံးဖြတ်ချက်များကို  အားကစားနှင့်ကာယပညာဦးစီးဌာန (နေပြည်တော်)မှ အရာထမ်းများအား ရှင်းလင်းပြောကြား

နေပြည်တော်   ၁၃   ဇူလိုင်

မန္တလေးမြို့တွင် အမှိုက်ကျင်းများကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရန် Level 4 Sanitary landfill စီမံကိန်း စတင်အကောင်အထည်ဖော်  
စွန့်ပစ်အမှိုက်ကျင်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးအတွက် Level 4 Sanitary Landfill စီမံကိန်းကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာအနီးရှိ ကျောက်ကြမ်းတောင်ဒေသတွင်  စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စီမံအုပ်ချုပ်မှု ၅ နှစ်စီမံကိန်း မြို့နယ်(၃)မြို့တွင် လုပ်ဆောင်မည်

မကွေး ၁၃  ဇူလိုင် 
            

ဖျာပုံမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုတွင် ပြည်သူများပူးပေါင်းပါဝင်လာစေရန် မော်တော်ဆိုင်ကယ်စီးဦးထုပ် အလုံး ၆၀ဝ ကို ပြည်သူများထံ အခမဲ့ဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖျာပုံခရိုင်၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် မော်တော်ဆိုင်ကယ်စီး ဉီးထုပ်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဖျာပုံမြို့ သီရိအဏ္ဏဝါ ခန်းမ၌ ကျင်းပသည်။