တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ငွေကျပ် ၁၉၂ သိန်းကျော်တန်ဖိုးရှိ ခြင်ဆေးဖျန်းစက် ခုနစ်လုံးလှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ငွေကျပ် ၁၉၂၅၀ဝ၀ဝ ခန့်တန်ဖိုးရှိ ခြင်ဆေးဖျန်းစက် ခုနစ်လုံးအား ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီသို့ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်က ဆန်ဆိုင်းအခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။





