သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ 

နေပြည်တော် ဖေဖေါ်ဝါရီ ၂ 
    
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်၊ ရုံးအမှတ် ၃၉ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာဆင်နွှဲကြသည်။
    
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်မှုကို လှည်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ပြိုင်ပွဲတွင်ပထမဆုရရှိသော ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာ‌ဖွေရေးဦးစီးဌာန အသင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က လည်းကောင်း၊ ဒုတိယဆုရရှိသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အသင်းကို ဒုတိယဝန်ကြီး ဦးထွန်းအုံ က လည်းကောင်း၊ တတိယဆုရရှိသော အမှတ်(၁)သတ္တုတွင်းလုပ်ငန်းအသင်းကို ဒုတိယဝန်ကြီး ဦးမင်းသူ က လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး ကျန်အသင်းများကို နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)