ရန်ကုန် ဇူလိုင် ၂၃
သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ ပထမနှစ် သူနာပြုတက္ကသိုလ် ကျောင်းသား ကျောင်းသူများက သူနာပြုတက္ကသိုလ်(ရန်ကုန်) သင်ရိုး ညွှန်းတမ်းပါ Interprofessional Education (IPE) ဘာသာရပ် အထောက်အကူပြုစေရန်အတွက် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းတွေ့ရှိချက်များ ပြန်လည်ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားတွင် သူနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခ ဒေါက်တာ ဝေဝေဦးက အမှာစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများက ကွင်းဆင်း လေ့လာတွေ့ရှိချက်များကို အဖွဲ့လိုက်တင်ပြကြရာ ဌာနမှူးများ၊ ဆရာ ဆရာမများက ဖြည့်စွက် ဆွေးနွေးကြသည်။
အစီအစဉ်အရ ပထမနှစ်သူနာပြုတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၂၀၄ ဦးတို့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အတွင်းရှိ ပြည်သူ့ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနများသို့ ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်ခဲ့ကြပြီး ကွင်းဆင်းတွေ့ရှိချက်များကို မှတ်တမ်းတင်ခြင်း၊ Interprofessional Education ၏ အဓိကအချက်များကို ပိုစတာများဖန်တီးထုတ်လုပ်ခြင်း၊ ဗီဒီယိုရိုက်ကူးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


