သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မော်ဒယ်သရုပ်‌ဆောင်များနှင့်အတူ လူရွှင်တော်အသင်းနှင့်ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်

နေပြည်တော်  နိုဝင်ဘာ ၁၈

 သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၁) ကို နိုဝင်ဘာ ၁၉ ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို မော်ဒယ်သရုပ်ဆောင် စိုးသီဟ နှင့် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို နိုဝင်ဘာ (၁၉ ၊ ၂၀ ၊ ၂၁) ရက်နေ့များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ()နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)