သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းများ စတင်ဖွင့်လှစ်

 

ရန်ကုန်၊ နိုဝင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအားလုံးကို ယမန်နေ့က စတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဘွဲ့ကြိုပထမနှစ်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၂၀၁) ဦး တက်ရောက်ခွင့်ရရှိခဲ့ပြီး ယမန်နေ့က စတင်၍ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများ အားလုံးတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀၀) ဦးကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ 

ပထမနှစ် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစတင် ဖွင့်လှစ်သည့်နေ့မှစ၍ ကွန်ပျူတာနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် Orientation Course အနေဖြင့် Windows၊ Microsoft Word၊ Excel၊ PowerPoint သင်ခန်းစာများကို စက်ခန်းများတွင် သီတင်း (၂) ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

သတင်းစဉ်