သထုံ မတ် ၁၆

 

မွန်ပြည်နယ် သထုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ ပြပွဲပြိုင်ပွဲများပြုလုပ်ခြင်းတို့ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျင်းပရသည့် ရည်ရွယ်ချက်နှင့် စာအုပ်၊ စာပေတို့ကိုလေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက် ထားရှိကြရေးစသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာတို့ကို ဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီပြိုင်ပွဲတို့ကို ပြုလုပ်ရာ ကျောင်းသား ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)