သရက်သီးများ GAP အသိအမှတ်ပြု လက်မှတ်ရနေသော်လည်း ဈေးကွက်တွင် ဈေးကောင်းမရ

မုံရွာ ၂၁ မေ


GAP အသိအမှတ်ပြုလက်မှတ်ရ သရက်သီးများ ဈေးကွက်တွင် အခြားသရက်သီးဈေးနှုန်းများ အတိုင်းသာ ရရှိနေကြောင်း GAP အသိအမှတ်ပြု လက်မှတ်ရ တောင်သူများ၏ပြောကြားချက်များအရ သိရသည်။


“သရက်သီးကို (၁၅) ကီလိုတစ်ဖာကို များများမရနဲ့ တရုတ်ငွေ (၃)ယွမ်ပဲပိုပြီးရမယ်ဆိုရင်တောင် (GAP) လက်မှတ်ကိုလိုချင်တဲ့ ဆန္ဒရှိလာမယ်၊ အခုအခြေအနေအထိ ဈေးကောင်းမရသေးဘူး ဖြစ်နေတယ်၊ လက်မှတ်ရ အသီးတွေကို အခုဈေးနှုန်းနဲ့ ပိုပြီးတော့ရလာမယ်ဆိုရင် အခြားတောင်သူတွေလည်း အသိအမှတ်ပြု လက်မှတ်ကို စိတ်ဝင်စားမှု မြင့်တက်လာမယ်လို့ ပြောချင်တယ်၊ အခုအခြေအနေကတော့ စိတ်ဝင်စားမှု နည်းသေးတယ်” ဟု စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာမှ သရက်စိုက်တောင်သူ ဦးကျော်မြင့်က ပြောသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP) အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမှု အနေဖြင့် ၂၀၁၇ ခုနှစ်တွင် သရက်သီးတောင်သူ (၇)ဦးအားလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် သရက်သီး တောင်သူ(၁၉)ဦးနှင့် သခွားမွှေး တောင်သူ(၁)ဦးအားလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် သရက်သီးတောင်သူ (၁၄)တို့အား GAP အသိမှတ်ပြု လက်မှတ်များ ထုတ်ပေးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)