Sputnik V ကာကွယ်ဆေးသည် ထိရောက်မှုရှိပြီး ဘေးဥပဒ်မဖြစ်ကြောင်း ရုရှားသုတေသီများ အတည်ပြု

မော်စကို ၆ စက်တင်ဘာ

ရုရှားသုတေသီများက ၎င်းတို့ စမ်းသပ် ထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် အကျိုးသက်ရောက်မှုရှိပြီး မည်သည့် ကျန်းမာရေးဘေးဥပဒ်ကိုမျှ ခံစားရခြင်းမရှိကြောင်း ယမန်နေ့ ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

ရုရှားသုတေသီများက Sputnik V ဟု အမည်ပေးထားသော အဆိုပါကာကွယ်ဆေးကို ဆေးဘက်ဆိုင်ရာ ကနဦးစမ်းသပ်မှုများပြုလုပ် ခဲ့ပြီးနောက် ရလဒ်ထွက်ပေါ်မှုများကို စက်တင်ဘာ ၃ ရက်ထုတ် ဗြိတိန်ဆေးပညာ ဂျာနယ်၌ ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရ သည်။

Sputnik V ကာကွယ်ဆေးကို ကနဦး စမ်းသပ်မှုများလုပ်ဆောင်ရာတွင် အသက် ၁၈ နှစ်မှ ၆၀ အရွယ် ပြည်သူများပါဝင်ခဲ့သည်။ ကာကွယ်ဆေးထိုးပြီးနောက် စမ်းသပ်ခံပြည်သူ များ၏ ခုခံအားစနစ် တိုးတက်လာသည်ကို တွေ့ရှိရကြောင်းနှင့် ဘေးအန္တရာယ်ကင်း စေကြောင်း လေ့လာတွေ့ရှိရသည်ဟု ဂျာနယ် တွင် ဖော်ပြထားသည်။

ကာကွယ်ဆေးမထိုးသော လူနာများ သည် ရောဂါလက္ခဏာပြင်းထန်စွာ ခံစားနေရ ချိန်တွင် ကာကွယ်ဆေးထိုးပြီးသည့် လူနာများ သည် ၄၂ ရက်အတွင်း ဖျားနာခြင်း သို့မဟုတ် ခေါင်းမူးခြင်း စသည့် ရောဂါလက္ခဏာ အနည်းငယ်သာ ခံစားရကြောင်း တွေ့ရှိရ သည်။

ထို့ပြင် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီးသည့် လူနာ ၄၀ ခန့်သည် အားပျော့သော ရောဂါလက္ခဏာများကိုသာ ခံစားရသည့်အပြင် ၎င်းတို့၏ ကိုယ်ခန္ဓာမှ ဗိုင်းရပ်စ်ပိုးကို ခုခံနိုင် သည့် ပဋိဇီဝဆေးတစ်မျိုးကို ထုတ်လုပ်ပေး နိုင်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဂျာနယ် ၌ ရေးသားထားသည်။

ကာကွယ်ဆေးထိုးထားသော လူနာများ သည် ကာကွယ်ဆေးထိုးထားခြင်းမရှိသော လူနာများနှင့် ရောဂါကင်းစင်သွားသော လူနာ များထက် ခုခံအားစနစ် ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရသည်ဟု သုတေသီများက ဆိုသည်။

Sputnik V ကာကွယ်ဆေးကို ဆေးဘက် ဆိုင်ရာ စမ်းသပ်မှုအဆင့် ၃ ၏ နောက်ဆုံးရလဒ် ထွက်ပေါ်မှုကို စောင့်ဆိုင်းခြင်းမရှိဘဲ ရုရှား အစိုးရက ဩဂုတ်လတွင် တရားဝင် အတည်ပြု ခဲ့သည်။ နိုဝင်ဘာလအတွင်း ကာကွယ်ဆေးအများအပြားထုတ်လုပ်နိုင်ရန် ကျန်းမာရေး အာဏာပိုင်များက စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ကိုးကား - အင်န်အိတ်ခ်ျကေ

ဘာသာပြန် - အောင်ကျော်ကျော်