သံတောင်ကြီးမြို့နယ် ကော်ပတ်ခြံကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

သံတောင်ကြီး ဧပြီ ၁၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ငွေကြေး အရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူပြုစေရန်အတွက် သံတောင်ကြီးမြို့နယ် ကော်ပတ်ခြံကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ဧပြီ ၁၀ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦး နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည် ကော်ပတ်ခြံကျေးရွာ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် အသေးစား စီးပွာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက စီမံကိန်းဆိုင်ရာ ငွေစာရင်းပုံစံများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော်ပတ်ခြံကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု ၃၈ စု အတွက် ငွေကျပ် ၂၆ ဒသမ ၉ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု ၂၃ စု အတွက် ငွေကျပ် ၂၃ ဒသမ ၁ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု တစ်စု အတွက် ငွေကျပ် တစ်သန်း၊ စုစုပေါင်း အိမ်ထောင်စု ၆၂ စု အတွက် ငွေကျပ် ၅၁ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း တစ်ကျပ် ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားကြောင်း သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အထွေး