သံတောင်ကြီးဒေသ၌ နနွင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

သံတောင်ကြီး   မတ်   ၁၁

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း၊ ဖာလာပင်၊ ကွမ်းသီး စသည့် နှစ်ရှည်ပင်များကို အသက်မွေး ဝမ်းမှုအဖြစ် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာယခုနှစ်ပိုင်းတွင် အဆိုပါ နှစ်ရှည်ပင်များအပြင် နနွင်းကိုလည်း စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြောင်း သိရသည်။

 

“လွန်ခဲ့တဲ့နှစ်ကစပြီး နနွင်းကို စိုက်ပျိုးလုပ်ကိုင်ခဲ့တယ်၊ နှစ်ရှည်ပင်ကိုပဲ အားကိုးလို့မရတော့ဘူး၊ ယခင်နှစ်က နနွင်းအခြောက် တစ်ပိဿာ ကျပ် ၄၀၀၀ အထိသာရပြီး ယခုနှစ်မှာတော့ နနွင်းအခြောက် တစ်ပိဿာ ကျပ် ၆၀၀၀ အထိ ရတဲ့အတွက် စားဝတ်နေရေးအဆင် ပြေစေခဲ့ပါတယ်” ဟု သံတော်ကြီးမြို့မှ နနွင်းစိုက်ပျိုး လုပ်ကိုင်သူ တောင်သူ ဦးစောသာဝါးက ပြောပြသည်။

 

နနွင်းကို တူးပြီးရေးဆေးပေးခြင်း၊ နူးအောင်ပြုတ်ကာ နေပူလှန်းခြင်းတို့ကို ဆောင်ရွက်ပြီး ရရှိလာသည့် နနွင်းများကို အရောင်တက်လာစေရန် ဆန်ခါများဖြင့် နေလှန်းပြီး တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံသို့ ရောင်းချပေးလျက်ရှိပြီး ယခုနှစ်တွင် နနွင်းအခြောက် တစ်ပိဿာ ကျပ် ၆၀၀၀ အထိ ရရှိကြောင်းသိရသည်။

 

နော်နော်မူ