သံတွဲမြို့နယ်ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အသင်းသားများအား စိုက်ပျိုးထိန်းသိမ်းခြင်း သင်တန်းပို့ချ

သံတွဲ   မတ်   ၁၇

 

သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်၍ သံတွဲမြို့နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ     အသင်းသားများအား ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့်  မျိုးကိုင်းပွားခင်းတည်ထောင်ခြင်း သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ  သံတွဲခရိုင်  စိုက်ပျိုးရေးဦးစီးမှူး  ဦးအောင်မိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း  ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ဒေါ်လှလှဝင်း     (ခရိုင်မျိုးစေ့ တာဝန်ခံ)က  ရော်ဘာစိုက်ခင်းထိန်းသိမ်းမှုဆိုင်ရာများ၊ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်သန္တာမြင့်က ရော်ဘာ မျိုးကိုင်းပွားခင်း တည်ထောင်ခြင်းနှင့် ဒုတိယဦးစီးမှူး ဦးအောင်စိုးမင်း က  ရော်ဘာစေးလှီးနည်းနှင့်  ပြုပြင်ထုတ်လုပ်ခြင်း ဆိုင်ရာများကို သင်ကြားပို့ချခဲ့ကြရာ သင်တန်းတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ  သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးမှူး နှင့်  တာဝန်ရှိသူများက   ပြန်လည်ရှင်းလင်းဆွေးနွေးသည်။  သင်တန်း သို့ သံတွဲမြို့နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးတောင်သူများနှင့်  ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။               

ခရိုင်(ပြန်/ဆက်)