သင်္ကြန်ရုံးပိတ်ရက်များတွင် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောခေါက်ရေ ပြောင်းလဲပြေးဆွဲပေးမည်

ရန်ကုန်      ဧပြီ      ၉

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး  (မြစ်ဝကျွန်းပေါ်ဌာနခွဲ) ကြီးကြပ်မှုအောက်ရှိ ရန်ကုန် (ပန်းဆိုးတန်း-ဒလ)သို့ ပြေးဆွဲပေးနေသော ချယ်ရီ င်္ဘောသည်  သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အများပြည်သူများ  စိတ်အေးချမ်းသာစွာ  သွားရေးလာရေး အဆင်ပြေချောမွေ့လွယ်ကူစေရန်အတွက် သင်္ဘောခေါက်ရေ  ပြောင်းလဲပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။

 

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းသည်  ဒလမြို့နယ်  ဒေသခံပြည်သူများအပါအဝင်           တွံတေး၊  ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ခရီးသွားပြည်သူ များနှင့်  ရန်ကုန်မြို့သို့ ဝင်/ထွက်သွားလာနေကြသော  အများပြည်သူများအား ကမ်းရိုးတန်း မြစ်တွင်းသွား ချယ်ရီသင်္ဘောရေယာဉ်ဖြင့်   နေ့စဉ်  ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိသည်။

 

အဆိုပါခရီးစဉ်များကို ရုံးဖွင့်ရက်များနှင့်   ရုံးပိတ်ရက်များတွင် အသွားခေါက်ရေ ၄၀၊ အပြန်ခေါက်ရေ ၄၀ နှုန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန်   နံနက် ၅ နာရီခွဲမှ ည ၆ နာရီ မိနစ် ၄၀ အထိ          လည်းကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှ ည ၇ နာရီအထိ လည်းကောင်း ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။

 

 ၂၀၂၃ ခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလ ဧပြီ ၁၃ ရက်မှ ၁၇ ရက် များတွင် နံနက် ၆ နာရီမှ ည ၆ နာရီခွဲအထိ လည်းကောင်း၊ ပန်းဆိုးတန်း ဆိပ်ကမ်းမှ  နံနက် ၆  နာရီခွဲမှ ည ၇ နာရီအထိ   လည်းကောင်း သင်္ဘောရေယာဉ်ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း  သိရသည်။ သင်္ကြန်ရုံးပိတ်ရက်ကာလပြီးဆုံးပါက  သင်္ဘောခေါက်ရေ ခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)