သင့်ကျန်းမာရေးအတွက် ဆောင်ရန်အမူအကျင့်များ စာအုပ်ထွက်ရှိ

စာရေးသူ ဒေါက်တာခင်မိုးမိုး စီစဉ်ရေးသားသည့် သင့်ကျန်းမာရေးအတွက် ဆောင်ရန် အမူအကျင့်များစာအုပ် ထွက်ရှိလာသည်။

အဆိုပါစာအုပ်တွင် အသက်ရှည်စေရန် ပြုလုပ်သင့်သည့် လွယ်ကူသော အလေ့အကျင့်ကောင်းများ၊ ကျန်းမာရေးအတွက် ဂရုတစိုက်လုပ်သင့်သည်များ၊ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် ကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်နိုင်မည့် အမူအကျင့်များ၊ ပြုလုပ်သင့်သော နံနက်အိပ်ရာထ အမူအကျင့်များ၊ ပြုပြင်ပြောင်းလဲသင့်သော နံနက်အိပ်ရာထ အမူအကျင့်များ၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းအောင် နံနက်အိပ်ရာထတိုင်း ပြုလုပ်သင့်သော ဆွဲဆန့်လေ့ကျင့်ခန်းများ၊ ကျန်းမာရေးအတွက် နံနက်အိပ်ရာထကာစမှာ ရေသောက်ပါ၊ ကိုယ်အလေးချိန် ကျဆင်းစေရန် ပြုလုပ်သင့်သော အိပ်ရာဝင် အလေ့အကျင့်များကို ဖော်ပြထားသဖြင့် ကျန်းမာရေးလိုက်စားသူများ ဖတ်ရှုလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။

ကြေးမုံစာအုပ်စင်