ရန်ကုန် ဇွန် ၂၉

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲနှင့် စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန် ၂၆ ရက်က ကျင်းပသည်။

 

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းအမှတ်စဉ်(၁/၂၀၂၆)၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူ သုံးဦးအား ဆုများချီးမြှင့်ခဲ့သည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက သင်တန်းအမှတ်စဉ်(၂/၂၀၂၆)၌ ထူးချွန်ဆုရရှိသူ သုံးဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း က သင်တန်းအမှတ်စဉ်(၃/၂၀၂၆)၌ ထူးချွန်ဆုရရှိသူ သုံးဦးအား လည်းကောင်း၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က သင်တန်းအမှတ်စဉ်(၄/၂၀၂၆)၌ ထူးချွန်ဆုရရှိသူ သုံးဦးအားလည်းကောင်း ဆုများ ချီးမြှင့်ခဲ့သည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အမှုဆောင်အဖွဲ့ဝင်က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသား သင်တန်းသူများက ရှေးဦးပြုစုခြင်း စွမ်းရည်ပြသခဲ့ကြပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးက ကြက်ခြေနီအသင်းဝင် အဆိုပြုလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)