သိန်းထွန်း (IR)  ၏ ဆောင်းပါးပေါင်းချုပ်

၂၀ မတ်

 

ခေတ်သစ်ရွှေဖျဉ်းညီနောင် မဖြစ်စေလိုပါ လက်ရွေးစင်ဆောင်းပါးအပါအဝင် မြန်မာ့အလင်း၊ ကြေးမုံ၊ The Voice Daily သတင်းစာတို့တွင်  ဖော်ပြခဲ့သည့် ဆောင်းပါးရှင် သိန်းထွန်း (IR) ၏ ဆောင်းပါးများကို  ပေါင်းစည်းထုတ်ဝေ လိုက်ခြင်းဖြစ်သည်။ 

 

လက်ရှိ လျှောက်လှမ်းနေသောမန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတို့ကို ရှုထောင့်မျိုးစုံက ဖမ်းယူဆုပ်ကိုင်ကာ ကမ္ဘာ့ရေးရာများဖြင့် ချိန်ထိုးပြီး သုံးသပ်ဆွေးနွေး ပြထားသည့် စာရေးသူ၏ ခပ်ထက်ထက် စေတနာအတွေးနှင့် ခပ်ရဲရဲရေးထားသည့် စာပေလက်ရာများကို ကျေနပ်ဖွယ် ဖတ်ရှုရမည်ဖြစ်သည်။  အပြုသဘောဆောင် တွန်းအားပေးထားသော အရေးအသားများဖြစ်သဖြင့်  နိုင်ငံ၏အရွေ့ကို ဦးဆောင်နေသူများ၊ အနာဂတ်လူငယ်များ၊ နိုင်ငံ့အရေးကို ချစ်မြတ်နိုး စိတ်ဝင်စားသူတိုင်း  ဖတ်သင့်သော  စာအုပ်ကောင်း  တစ်အုပ်ဟု လမ်းညွှန်ချင်ပါသည်။ နေ့စဉ် ထုတ်သတင်းစာများတွင် ဖော်ပြခဲ့ပြီးသော သူ၏ဆောင်းပါးလက်ရာ များကို တစုတစည်းတည်း  အားပါးတရ ဖတ်ရှုနိုင်မည့်  အခွင့်အရေးလည်းဖြစ်ပါသည်။ ဆောင်းပါးပုဒ်ရေ  ၅၇  ပုဒ် ပါဝင်ပြီး ကြယ်စင်စာပေမှ ထုတ်ဝေကာ တစ်အုပ်လျှင် ငွေကျပ် ၂၅၀ဝ ဖြင့်ဖြန့်ချိပေးနေပြီဖြစ်သည်။

 

မြန်မာ့အလင်း