သီရိလင်္ကာတွင် ယခုနှစ်အတွင်း ကျားသစ် ၁၂ ကောင် သေဆုံး

၃၀ နိုဝင်ဘာ

 

သီရိလင်္ကာအလယ်ပိုင်း တောင်တန်းများရှိ မာတေးတွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက ကျားသစ်တစ်ကောင် သေဆုံးသည်ကိုတွေ့ရှိခဲ့သည်။

 

ယခုနှစ်တွင် နိုင်ငံအတွင်း ကျားသစ်အကောင်ရေ ၁၂ ကောင် သေဆုံးခဲ့ရာ သေဆုံးမှုမြင့်တက်လာကြောင်း တောရိုင်းတိရစ္ဆာန်အရာရှိများ ယနေ့ပြောကြားချက်ကို ကိုးကားပြီး ဒေသမီဒီယာက ဖော်ပြထားသည်။

 

တောရိုင်းတိရိစာ္ဆန်စောင့်ရှောက်ရေးဌာန၏ ပြောကြားချက်အရ သေဆုံးခဲ့သည့် ကျားသစ်ကောင်ရေ ၁၂ ကောင်အနက် ၁၁ ကောင်မှာ ထောင်ချောက်များအတွင်းကျရောက်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

စနေနေ့နှောင်းပိုင်းက ၁၂ ကောင်မြောက် သေဆုံးခဲ့သော ကျားသစ်တစ်ကောင်မှာ ထောင်ချောက်တွင် ဖမ်းမိကာ ကိုယ်တွင်းအင်္ဂါများ ပြင်းပြင်းထန်ထန်ထိခိုက်မိသွားကြောင်း ဖော်ပြထားသည်။

 

တောရိုင်းတိရိစာ္ဆန်အရာရှိများက ထိုအသုံးပြုထားသော ထောင်ချောက်သည် ဝက်နှင့် တောဝက်များဖမ်းဆီးရန် တစ်ခုဖြစ်သည်ဟု ဆိုသည်။

 

မကြာသေးမီလများအတွင်း တောရိုင်းတိရိစာ္ဆန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန(DWC)က ထောင်ချောက်များအသုံးပြုခြင်းနှင့် ယင်းထောင်ချောက်များ၏ တောရိုင်းတိရိစာ္ဆန်အပေါ် သက်ရောက်မှုများအကြောင်း အသိပညာပေးအစီအစဉ်များစွာ ပြုလုပ်ခဲ့သည်။

 

ထောင်ချောက်များကို အသုံးပြုခြင်းသည် တရားမဝင်ကြောင်းနှင့် အပြစ်ရှိကြောင်းတွေ့ရှိပါက မည်သူမဆို အပြစ်ပေးခံရမည် ဖြစ်ကြောင်း တောရိုင်းတိရိစာ္ဆန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် M.G.C. Sooriyabandara က ပြောကြားခဲ့သည်။

 

ကျားသစ်သည် သီရိလင်္ကာနိုင်ငံတွင် ကာကွယ်ပေးထားသောမျိုးစိတ် ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို