သီရိလင်္ကာတွင် လူပေါင်း ၁၀ဝ၀ဝ၀ ကျော် မိုးခေါင်မှုဒဏ်ခံရ

၇ ဇူလိုင်

 

 

သီရိလင်္ကာနိုင်ငံတွင် မုတ်သုံမိုး ရွာသွန်းမှု မရှိသောကြောင့် နေရာတော်တော်များများတွင် လူပေါင်း ၁၀ဝ၀ဝ၀ ကျော် မိုးခေါင်မှုဒဏ် ခံစားနေရသည်ဟု သီရိလင်္ကာ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး စင်တာက နောက်ဆုံးရရှိသော အချက်အလက်အရ ယမန်နေ့က ပြောကြားခဲ့သည်။

 

 

မြောက်ဘက်တွင် မူလာတစ်ဗ်၊ တောင်ဘက်တွင် ဟမ်ဘန်တိုတာ၊ အရှေ့ဘက်တွင် ဘတ်တီကာလိုရာနှင့် ထရီကွန်လီ၊ မြောက်အလယ်ပိုင်း ပြည်နယ်ဖြစ်သော ကူရူနာဂါလာနှင့် ပိုလိုနူရူဝါတို့တွင် မိုးခေါင်သဖြင့် မိသားစု ၃၁၅၈၀ နှင့် လူပေါင်း ၁၀၃၂၁၉ ဦး မိုးခေါင်မှုဒဏ်ခံရသည်ဟု ထိုဖော်ပြချက်အရ သိရသည်။

 

 

မိုးခေါင်မှုခံနေရသော ဒေသများသို့ ရေဘောက်ဆာကားများဖြင့် ပို့ဆောင်ခြင်းနှင့် ရေများ ဖြန့်ဖြူးပေးခြင်း တို့ကို ထိုစင်တာက ယခုလတ်တလော လုပ်ဆောင်ပေးလျက် ရှိသည်ဟု ဖော်ပြထားသည်။

 

 

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ နောက်ဆုံးရရှိသော ရာသီဉတုဆိုင်ရာ သတင်းအချက်အရ လာမည့် နေ့ရက်များအတွင်း နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်း ပြည်နယ်များ၊ ဆာဘာဂါမူဝါ၊ အနောက်မြောက်ပိုင်း၊ အနောက်ပိုင်းတို့တွင် မိုးဖွဲဖွဲ ရွာသွန်းနိုင်သော်လည်း ခြောက်သွေ့သော ဒေသများတွင် အပူချိန် ၃၆ ဒီဂရီ အထက်သို့ ရောက်ရှိနိုင်ဖွယ် ရှိသည်ဟု ၎င်းဌာနက ပြောကြားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

2429