သီရိလင်္ကာနိုင်ငံ၌ ဝင်ငွေနည်းပါးသည့် မိသားစုများအတွက် အိမ်ရာယူနစ် ၂၀၀၀ တည်ဆောက်မည်

 

ကိုလံဘို   အောက်တိုဘာ   ၄

 

သီရိလင်္ကာအစိုးရက ဝင်ငွေနည်းသည့် မိသားစုများအတွက် အိမ်ရာယူနစ်သစ် ၂၀၀၀ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း  သမ္မတ ရာနေး ဝစ်ခ်ခမီဆင်းဂေးက ပြောကြားသည်။

 

အောက်တိုဘာလ၏  ပထမ တနင်္လာနေ့တွင် ကျရောက်သည့် ကမ္ဘာ့နေရပ်နေ့ အထိမ်းအမှတ်သဝဏ်လွှာတွင် သီရိလင်္ကာနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ အောင်မြင်ရန်လိုအပ်ပြီး ပြည်သူများ ပျော်ရွှင်စွာနေထိုင်နိုင် သည့် လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရမည်ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

 

အဆိုပါ အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ရန် အစိုးရက ဝင်ငွေနည်းမိသားစုများအတွက် အိမ်ရာအလုံးရေ ၂၀၀၀ ကို စတင်ဆောက် လုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် မြို့ပြဒေသများကို အကျိုးပြုရုံသာမက မြို့ပြတစ်ပိုင်းနေ လူထုအတွက်ပါ  အကျိုးရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ဝင်ငွေနည်းသော မိသားစုများအား ၎င်းတို့၏ လိုအပ်ချက်များကို ဆွေးနွေးတိုင်ပင်ပြီးနောက် အိမ်ရာယူနစ်များကို ထောက်ပံ့ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ဆင်ဟွာ