သီရိလင်္ကာနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် ၁ဝ ဦးသေဆုံး

ကိုလံဘို  ၆ ဇွန်

သီရိလင်္ကာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ၁၀ ဦးသေဆုံးပြီး ပြည်သူ ၂၁၉၀၂၇ ဦး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ယနေ့သတင်းများအရ သိရသည်။

နောက်ဆုံးရရှိသောတရားဝင် ကိန်းဂဏန်းများအရ ပြည်နယ်ရှစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လျက်ရှိသည့်အတွက် ရေတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ပွတ်တာလမ်ခရိုင်၌ရေကြီးရေလျှံမှုများကြောင့် ပိတ်မိလျက်ရှိသည့် ပြည်သူ၂၉ ဦးအား ရေတပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့သည်။ အဆိုပါ ၂၉ ဦးအနက်အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်သည်။ အချို့သော ခရိုင်များတွင်လည်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဆိုင်ရာ သတိပေး ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ထောက်ပံ့မှုများပေးရန် ဝန်ကြီးချုပ် ရာဂျာပတ်ဆာက တာဝန်ရှိသူများအား ညွှန်ကြားထားသည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန် - အောင်ကျော်ကျော်