မတ် ၂၅

သီရိလင်္ကာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း တီဘီရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူစုစုပေါင်း ၇၅၈ ဦးရှိကြောင်း အမျိုးသားအဆင့်တီဘီရောဂါထိန်းချုပ်ရေးနှင့်ရင်ခေါင်းရောဂါဆိုင်ရာအစီအစဉ်၏ညွှန်ကြားရေးမှူးက ယမန်နေ့က ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သောနှစ်က တီဘီရောဂါဖြစ်ပွားသူ ၉၀၀၀ နီးပါးရှိကြောင်း ကမ္ဘာ့တီဘီရောဂါနေ့အခမ်းအနားတွင် ၎င်းကပြောကြားသည်။  အဆိုပါရောဂါဖြစ်ပွားသူအများစုသည် အနောက်ပိုင်းပြည်နယ် ကိုလံဘိုခရိုင်မှဖြစ်သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်က ကလေးငယ်ဦးရေ ၂၅၀ ကိုတီဘီရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တီဘီရောဂါဖြစ်ပွားသူ အမျိုးသား ၅၂၉၁ ဦးနှင့် အမျိုးသမီး ၃၂၅၉ ဦး ရှိသည်ဟု ၎င်းကဆိုသည်။

၂၀၃၀ တွင် တီဘီရောဂါအမြစ်ပြတ်ပပျောက်ရေး လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကထပ်လောင်းပြောသည်။

သီရိလင်္ကာနိုင်ငံတွင် နှစ်စဉ်တီဘီရောဂါဖြစ်ပွားသူဦးရေ ၉၀၀၀ နှင့် ၁၂၀၀၀ ကြားရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချိုa