သီရိလင်္ကာနိုင်ငံ  အကျဉ်းသား ၆၀၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်

၃၀ နိုဝင်ဘာ

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပွားနေစဉ်အတွင်း  သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများပြည့်ကျပ်မှုကို လျော့ပါးစေရန် စွဲချက်ကြီးကြီးမားမားမရှိသော အကျဉ်းသား ၆၀၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း နိုင်ငံသတင်းမီဒီယာက ယနေ့တွင် ဖော်ပြခဲ့သည်။

 

အသက် ၆၅ နှစ်ကျော်ရှိ အကျဉ်းသားများ၊ အသေးအဖွဲ့ပြစ်မှုများအတွက် ပြစ်ဒဏ်တစ်ဝက်စီရင်ချက် ချမှတ်ပြီးသော အကျဉ်းသားများနှင့် ထောင်ဒဏ်၂၅ နှစ်အထက် ပြစ်ဒဏ်ချမှတ်ခံရပြီးသော အကျဉ်းသားများ ၎င်းတို့အားလုံးသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အခွင့်ရေးရှိသူများ ဖြစ်ကြောင်း အကျဉ်းထောင်ကော်မရှင်နာချုပ် Thushara Upuldeniya က ပြောကြားသည်။

 

မူးယစ်ဆေးဝါးမှုများ၊ အဓမ္မကျင့်မှုနှင့် ကလေးများနှိပ်စက်ညှဉ်းပန်းမှုတို့နှင့် ဆက်နွယ်သော အကြီးစားပြစ်မှုများရှိသော အကျဉ်းသားများကို ပြန်လွှတ်ပေးမည် မဟုတ်ဟု ထောင်တွင်းပြုပြင်ပြောင်းလဲရေးနှင့် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဝန်ကြီး ဆူဒါရှီနီ ဖာနန်ဒိုပူလီက ဆိုသည်။

 

သီရိလင်္ကာနိုင်ငံ အကျဉ်းထောင်ရှိ အကျဉ်းသားများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁၀၀၀ ကျော်ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို