မန္တလေး   ဇူလိုင်  ၂၀

SHWE MAN TAUNG FAMILY  LEAGUEဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ ညနေပိုင်းတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ရှိ ဗထူးအားကစားကွင်း၌ GK FC အသင်းနှင့်  AD 90 FCအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ GK FC အသင်းက  တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

ဗိုလ်လုပွဲပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးနိုင်လင်းအောင်၊ မန္တလေးတိုင်းဒေသကြီး  လူငယ်ရေးရာဦးစီးဌာန   ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်၊ မန္တလေးOlD Star အသင်း အမှုဆောင် ဦးမျိုးနိုင်၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်   ဦးကျော်ခန့် (GOLDEN WAVE FC)နှင့် အဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ဘောလုံးအားကစား ဝါသနာရှင်များ  တက်ရောက်အားပေးသည်၊၊

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ   အသန့်ရှင်းဆုံးဆုရ  နှင်းဆီမောင်  FCအသင်း၊ ဂိုးသွင်းအများဆုံးဆုရ  ငြိမ်းချမ်းအောင်(GOLDEN WAVE FC)နှင့် AK THU(AD 90 FC)၊ အကောင်းဆုံးဂိုးသမားဆုရ  ဖြိုးကိုထက် (AD 90 FC)တို့အား ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဦးကျော်ခန့်(GOLDEN WAVE FC)နှင့် မန္တလေး Old Star အသင်းအမှုဆောင် ဦးမျိုးနိုင်တို့က  ဆုဖလားနှင့်  ထူးချွန်ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် ဒုတိယဆုရ AD 90 FC အသင်းမှ အားကစားသမားများအား တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန   ညွှန်ကြားရေးမှူးက  ဒုတိယဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန   ညွှန်ကြားရေးမှူးက  ပထမဗိုလ်စွဲသည့် GK FC အသင်းမှ အားကစားသမားများအား တစ်ဦးချင်းပထမဆုတံဆိပ်များနှင့် တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ခဲ့ကြောင်း သိရသည်၊၊

တင်မောင်(မန္တလေး)