သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ပလောက်  ၁၁  မေ     

 

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိတ်ခရိုင်၊ ပလောက်မြို့ ရုံး လူထုအခြေပြုဗဟိုဌာန (Community  Centre ) ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါဟောပြောပွဲတွင် မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မီးဘေး၊ ရေရှားဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအတွက် ကြိုတင်စီမံမှုများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များကို ကျောင်းသူ/ကျောင်းသားများအား ပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသူများမှ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကိုလေ့လာ ဖတ်ရှုခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။

 

MDN